ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဝမ်းတွင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် Community Centre ခန်းမတွင် နွေရာသီ ကျောင်းပိတ်ရက်ကာလများအတွင်း ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပ၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်း(Book Club)တို့ ပူးပေါင်း၍ ဆရာတိုးလှ၏ မြန်မာ့ကျင့်ဝတ်သိက္ခာနှင့် လူမှုတန်ဖိုးစာအုပ်ကို စာဖတ်ဝိုင်းဖွဲ့ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပသည်။

မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာနခန်းမတွင် စက္ကူပန်းအလှခေါက်နည်းသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမတွင် ကျောင်းသားလူငယ်များ အားလပ်အချိန်အတွင်း အတတ်ပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ရောင်စုံစက္ကူပန်းအလှခေါက်နည်းသင်တန်းကို ယမန်နေ့ နေ့လယ် (၁) နာရီ အချိန်က  ဖွင့်လှစ်သင်ကြားခဲ့သည်။

စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ဝိုင်း ပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ စာဖတ် သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ရုံးလုပ်ငန်းလက်စွဲစာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်ပြင်ဆင်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်သည် ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် လေဘေးအန္တရာယ်လျော့ပေါ့ရေး ကြိုတင်ကာကွယ်တားဆီးခြင်း၊ ကယ်ဆယ်ရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ အချိန်နှင့်တပြေးညီ ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲနိုင်ရေးအတွက် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲရေးအဖွဲ့နှင့်တွေ့ဆုံသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲသို့ တက်ရောက်ဆွေနွေးပြောကြားခဲ့သည်။

ကန်ကြီးထောင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်‌ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (OSS) ခန်းမ၌ မေလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

တပ်ကုန်းမြို့၌ ကြက်ခြေနီအကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးဆောင်ကျင်းပသည့် ကြက်ခြေနီ အကြောင်းသိကောင်းစရာ အသိပညာပေး (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။

ညောင်တုန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်များပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

ဗုဒ္ဓဘာသာ ယဥ်ကျေးမှုသင်တန်း မြန်အောင်တွင် ဖွင့်လှစ်သင်ကြား

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ဗုဒ္ဓဘာသာယဥ်ကျေးမှုသင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့ ပရဟိတမြို့ရွှေကျောင်းတိုက်၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ခန္တီးမြို့တွင် အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မေလ (၈) ရက်နေ့ နံနက် (၉) နာရီအချိန်က နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၊ အဆင့်မြှင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၆) သင်တန်းဖွင့်ပွဲကို အဆိုပါသင်တန်းကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ