ရခိုင်ပြည်နယ်

ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က စည်ပင်ရုံးမှ ဝန်ထမ်းများအား အခမဲ့ငှားရမ်းပေးခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောက်ရှိလာမှုအား ကြည့်ရှုစစ်ဆေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေး ပစ္စည်းများကို သင်္ဘောများဖြင့် ပို့ဆောင်ပေးလျက်ရှိရာ စစ်တွေမြို့ဘက်စုံသုံး ဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းများနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အမ်းမြို့နယ်ရှိ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက လုံးကောက်ကျေးရွာအုပ်စု လုံးကျေးရွာ၊ ခရမ်းကျွမ်းကျေးရွာ၊ ချင်းကုန်းကျေးရွာတို့မှ ဈေးရပ်ကွက် ဓာတ်ပေါင်းစုမြတ်စွယ်တော်ဓမ္မာရုံသို့ ယာယီခိုလှုံရန်အတွက်ပြောင်းရွှေ့လာသည့် ယာယီနေရပ်စွန့်ခွာသူများ စားဝတ်နေရေးအဆင်ပြေစေရေး ဆန်ရိက္ခာဖိုးငွေကို ယနေ့နံနက်(၁၀)နာရီအချိန်က ထောက်ပံ့ပေးအပ်သည်။

ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်သည်။

ကျိန္တလီမြို့တွင် စာပေချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျိန္တလီမြို့ စာပေချစ်သူများအသင်းအဖွဲ့ (Book Club)နှင့်လစဉ်ကျင်းပလျက်ရှိရာ ယနေ့ နေ့လည်ပိုင်းအချိန်က စာရေးဆရာ လင်းရောင်စင်၏ ငါ့အတွက်ငါရှိတယ် စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။

ဂွမြို့နယ်တွင် စာဖတ်ရှိန် မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာပေလေ့လာဖတ်ရှုမှုများ တိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်‌ရေးအဖြစ် ယနေ့ နေ့လယ်ပိုင်းက ဌာနဆိုင်ရာ ရုံးများသို့ သွားရောက်ပြီး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြ‌သည်။

ကျိန္တလီမြို့တွင် လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး (Talk Show) ကို ယနေ့နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် ကျောက်ဖြူမြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နွေရာသီအခြေခံကွန်ပျူတာနှင့် ရှေးဦးပြုစုနည်းသင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်ဖြူမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ကြသည်။

ဂွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လူငယ်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဥ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေးအတွက် လူငယ်များ အသိဉာဏ်ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောက်ဖြူခရိုင်ရုံး Community Centre ခန်းမ၌ အခမဲ့ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံ ပန်းချီသင်တန်းတို့အား သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာ သင်ယူလျက်ရှိ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မေလ ၃ ရက်နေ့မှစ၍ အခမဲ့ဖွင့်လှစ်လျက်ရှိသည့် အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် သင်ယူလျက်ရှိသည်။
Subscribe to ရခိုင်ပြည်နယ်