အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2026
မွန်ပြည်နယ်၊ သထုံမြို့၊ ပရိယတ္တိသာသနဟိတအသင်းကြီး၏ (၉၈)ကြိမ်မြောက် မဟာဓမ္မပူဇာ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်က မြသပိတ်တောင်ခြေ၊ သဒ္ဓမ္မဇောတိကာရာမ ကျောင်းတိုက်အတွင်းရှိ ဘွဲ့နှင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
Feb 08,2026
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီက မြို့နယ်(နွယ်ဝတီခန်းမ) အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Feb 08,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်နိုင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းနော်ဆိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
Feb 08,2026
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို၌ (၇၉)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ကျိုင်းတုံမြို့တော်ခန်းမတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊  တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြသည်။
Feb 08,2026
နိုင်ငံတော်အဆင့် ဆရာတော်ကြီးများ၊ ဂိုဏ်းပေါင်းစုံထေရ်ကြီးဝါကြီးဆရာတော်ကြီးများနှင့် သီလရှင်ဆရာကြီးများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ မင်းဓမ္မလမ်းရှိ သီရိမင်္ဂလာမဟာသာသနာ့ ဗိမာတော်ကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2026
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၅၁)ရပ်ကွက်၊ မြဝတီမင်းကြီးလမ်းနှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁/တိုးချဲ့ရပ်ကွက်၊ ကျန်စစ်သားပတ်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား မီးလောင်မှု/မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဖေဖော်ဝါရီ ၆  ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 08,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် တောင်ပေါ်ဒေသ၌ ရာသီချိန် စိုက်ပျိုးထားရှိသည့်ဖရဲသီးများ လှိုင်လှိုင်ထွက်ရှိချိန် ဈေးကောင်းရရှိသဖြင့် တောင်ယာစိုက်ပျိုးသူ တောင်သူများ အဆင်ပြေလျက်ရှိကြောင်း ဖရဲသီးစိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။