ကချင်ပြည်နယ်

(၆၀)ပြည့်နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှ ဗန်းမော်မြို့၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်း

(၆၀)ပြည့်နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရဲဝင်း ဦးစီး၍ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ သီးခြားတပ်ဖွဲ့များမှ တပ်ဖွဲ့ဝင် စုစုပေါင်း(၂၀)ဦးတို့သည် ယနေ့နံနက် ၈ နာရီတွင် ဗန်းမော်မြို့၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်းတွင် စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့ပါသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရှင်းလင်းဆွေးနွေးပွဲ၊ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်သူများအား ဂုဏ်ပြုပွဲများသို့တက်ရောက်၊ ဆီထွက်သီးနှံများ တိုးချဲ့နိုင်ရေး တောင်သူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၇) နာရီက ပူတာအိုမြို့ မနက်ဈေးသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ် သစ်တောဦးစီးဌာနဝန်ထမ်းများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေပေးအပ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့်‌ ဒေသစားနပ်ရိက္ခာဖူလုံရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ပူတာအိုခရိုင်သို့ရောက်ရှိနေသော ပူတာအိုခရိုင်ဖွံ့ဖြိုးတိုးတက်ရေးတာဝန်ခံ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် စက်တင်ဘာ (၂၁) ရက် ညနေ (၄) နာရီကမြို့ နယ်သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်သစ်တောဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မချမ်းဘောမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်‌ဆေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၈ နာရီက မချမ်းဘော မြို့နယ်သို့ သွား‌ရောက်ခဲ့ကြပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သော စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ပူတာအို၊ မချမ်းဘောမြို့နယ်ရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ဘိုးဘွားများနှင့်တွေ့ဆုံ၊ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်လဖိုင်နန်ဆိုင်းသည် အဖွဲ့ဝင်ဒေါ်ဒေါင်နန်းနှင့် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှေက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက် (၉)နာရီခွဲက ကိုယ်ဝန်ဆောင်မိခင်များ၊ ဘိုးဘွားများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့်အာဟာရဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များထောက်ပံ့၊ စက်မှုလက်မှုသိပ္ပံကျောင်း သင်ကြားနေသော ကျောင်းသား/ကျောင်းသူများနှင့်တွေ့ဆုံ၊ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲသို့ တက်‌ရောက်ချီးမြှင့်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပူတာအိုမြို့၌ ရောက်ရှိသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၈) နာရီခွဲက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ဝန်ထမ်းများနှင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် လျှပ်စစ်ဝန်ထမ်းများအားတွေ့ဆုံ၊ ထောက်ပံ့ငွေများထောက်ပံ့ပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပူတာအိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်/မြို့နယ် လျှပ်ဝန်ထမ်းများအား စက်တင်ဘာ ၁၉ ရက် နေ့လည်ပိုင်းက စည်ပင်နှင့်လျှပ်စစ်ရုံးခန်းမ၌ သီးခြားစီတွေ့ဆုံကာ ထောက်ပံ့ငွေများထောက် ပံ့ပေးအပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဆန်ဖူလုံရေးနှင့် စားသုံးဆီဖူလုံရေးအတွက် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်‌ရေးနှင့် ခေတ်မီ ဆန်စက်/ ဆီစက်များဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရေး MSME လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် ဆန်နှင့်ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့သို့ ရောက်ရှိခဲ့ပြီး ပူတာအိုမြို့နယ်အတွင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ခေါင်လန်ဖူးမြို့၌ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူမည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအောင်မြင်စွာကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာ(၁၇)ရက် နံနက်(၉) နာရီက ခေါင်လန်ဖူးမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁ /၂၀၂၄ )သို့ တက်ရောက်

ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို စက်တင်ဘာလယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ  တက်ရောက်ကြကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်