နောင်မွန်းမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ်

နောင်မွန်း စက်တင်ဘာ ၁၇

ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်‌နေ့အထိ တစ်နိုင်ငံလုံးဆိုင်ရာ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရာတွင် စနစ်ကျပြီး အဆင်ပြေချောမွေ့စွာ ကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်စာရင်းကောက် သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနမ်ရဲမင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လဝကမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ၂၀၂၄ခုနှစ် လူဦးရေနှင့်သန်း‌ခေါင်စာရင်းကောက်ယူမှု လုပ်ငန်းဆိုင်ရာများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါ သင်တန်းတွင် CAPI စနစ်ဖြင့် စာရင်းကောက်ယူခြင်းဆိုင်ရာများ၊ သန်းခေါင်စာရင်းဆိုင်ရာ စာရင်းစစ်/ကောက် ဥပဒေပြဋ္ဌာန်းချက်များနှင့် တားမြစ်ချက်များ၊ သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာများ/ကောက်ယူရေး အစီအမံများနှင့် မေးခွန်းမေးမြန်းမှု/စာရင်းကောက်ယူရေးသွင်းမှုဆိုင်ရာများကို စာရင်းစစ်စာရင်းကောက်များနှင့် ရပ်/ကျေးစာရေးဝန်ထမ်းများ စုစုပေါင်း(၃၁)ဦးနှင့် လဝကဝန်ထမ်းတို့ကို စက်တင်ဘာလ ၁၇ ရက်မှ ၂၈ ရက်နေ့အထိ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။  သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မြို့နယ်အဆင့် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ စာရင်းစစ်/စာရင်းကောက်ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာ စာရေးဝန်းများ(၆၃)ဦး တက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)