ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားအားကစားပွဲတော်အတွက် အားကစားရုံ၊ အားကစားကွင်း များအတွင်း ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကမ်းဘေး သဲခုံများပေါ်တွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။