ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးကူညီမှု ဖြင့်တိုးချဲ့ဆောင်ရွက်သည့် ရာဘာစိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေး
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်မှ ရင်းနှီးမတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံကို စိုက်ပျိုးမွေးမြူရေးနှင့် MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး မတည်ရင်းနှီးပံ့ပိုးပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့နယ် လွယ်ခေါကျေးရွာအုပ်စုအတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် တောင်သူ ဦးအောင်ဆွေ၏ ရာဘာခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။