ကချင်ပြည်နယ်

ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား ဗိုလ်လုပွဲနှင့် ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်

ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်ဝန်ကြီးချုပ်သည် အောက်တိုဘာ ၃၁ ရက်ညနေပိုင်းက ပြည်နယ်ပြည်သူ့အားကစားကွင်းအတွင်း၌ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အသက် (၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အားကစားသမား စိစစ်ရွေးချယ်လေ့ကျင့်နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခဲ့သည့် ကချင်ပြည်နယ်ဘောလုံးအဖွဲ့ချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဘုမ္မောဘုန်းတော်ကြီးကျောင်း၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲအဖြစ် ရဟန်း/သံဃာများအား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲအားကြ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဘုမ္မောဘုန်းတော်ကြီးကျောင်း၌ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအဖြစ် ထေရ်ကြီးဝါကြီး ရဟန်း/ သံဃာတော်များနှင့် သီလရှင် ဆရာများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာအဖွဲ့အစည်း များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲအား ယနေ့နံနက် ၈ နာရီခွဲက အဆိုပါ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ဇေရန်အောင်ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံ၊ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် သက်ကြီးဘိုးဘွားများအတွက် မွေးနေ့ပွဲအစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အောင်ဇောရန်အောင် ဘိုးဘွားရိပ်သာ၌ မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းမှ ကြီးမှူးကျင်းပသည့် သက်ကြီးဘိုးဘွားများအား ဂါရဝပြုတွေ့ဆုံပွဲနှင့် သက်ကြီးဘိုးဘွားများအတွက် မွေးနေ့အစီအစဉ်နှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါ ဘိုးဘွားရိပ်သာ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ကချင်ပြည်နယ်အတွင်း ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်ထိခိုက်မှု၊ ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုဖြစ်စဉ်များ လျော့နည်းကျဆင်းစေရေး အသိပညာပေးလုပ်ငန်းများ အရှိန် အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ (KRSC)၏ စတုတ္ထအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်း ငါးမွေးမြူရေး လုပ်ငန်းနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအတွက် ဝတ်စုံနှင့် ထောက်ပံ့ငွေများ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုး မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနား မြို့နယ် နန်းကွေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်းပုံကျေးရွာအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ချီးမြှင့်၊ တောင်သူ ဦးဟောင်းဇယ်၏ နို့စားနွားမွေးမြူရေးနှင့် ပန်းအလှစိုက်ပျိုးရေးခြံသို့ သွားရောက် ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပသည့် လူငယ်ဖွံ့ဖြိုးရေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၈ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက်အတွင်းရှိ အမှတ် (၁၁)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲဝင် ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ကြိုဆိုဂုဏ်ပြု

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို ကချင်ပြည်နယ်အနေဖြင့် အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာခဲ့ကြသော ကချင်ပြည်နယ်ကိုယ်စားပြု အနုပညာရှင် မောင်/မယ်များအား ယမန်နေ့နံနက် (၇) နာရီက ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်၍ မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စခန်းသွင်းလေ့ကျင့်လျက်ရှိသော အားကစားသမားများအား သွားရောက်တွေ့ဆုံအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်းထောက်ပံ့ပေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် အားကစားနည်းအလိုက် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိရေးအတွက် ပြိုင်ပွဲဝင်မည့်အားကစားသမားများ စခန်းသွင်းလေ့ကျင့်လျက်ရှိရာ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်မှ စတင်၍ သီးထပ်စွမ်းအား (၂၀၀) ရာခိုင်နှုန်းနှင့် ဆန်/ ဆီ/ ပဲခွဲစက်များ အဆင့်မြှင့်တင်ခြင်း/အသစ်တည်ဆောက်ခြင်းများကိုလည်း ဆောင်ရွက်သွားမည်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှ စတင်၍ သီးထပ်စွမ်းအား (၂၀၀)ရာခိုင်နှုန်းနှင့် ဆီဖူလုံမှု (၁၀၀) ရာခိုင်နှုန်းကျော် တိုးတက်မြှင့်မားစေရေး (၅)နှစ် စီမံကိန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယမန်နေ့မွန်းလွဲ (၁)နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အမျိုးသားအားကစားပွဲတော်အတွက် အားကစားရုံ၊ အားကစားကွင်း များအတွင်း ကြိုတင်ပြင်ဆင်စခန်းသွင်းလေ့ကျင့်နေမှုများအား လှည့်လည်ကြည့်ရှုအားပေး၊ ဧရာဝတီမြစ်ကမ်းဘေး သဲခုံများပေါ်တွင် ဆီထွက်သီးနှံစိုက်ပျိုးနိုင်ရေးကွင်းဆင်းစစ်ဆေး

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကျင်းပပြုလုပ်သွားမည့် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်တွင် ကချင်ပြည်နယ်အနေဖြင့် အားကစားနည်း (၂၁) နည်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၇ နာရီအချိန်က မြစ်ကြီးနားမြို့ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများအတွင်း လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်