မြစ်ကြီးနား နိုဝင်ဘာ ၁၀
ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် Hole in One Golf Association ၏ ဆောင်းရာသီအကြို ဂေါက်သီးရိုက်ပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီခွဲက မြစ်ကြီးနားမြို့ ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ Northern Star ဂေါက်ကလပ်၌ အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက် ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင် Hole in One Golf Association မှ ဖိတ်ခေါ်ထားသည့် ဂေါက်သီးရိုက်အသင်းအသီးသီးမှ ဂေါက်သီးရိုက်ကစားသမားများ တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ မြစ်ကြီးနားဂေါက်ကလပ်နာယကနှင့် တာဝန်ရှိသူများက အမှတ် (၁) တာထွက်နေရာမှ Smoke Ball ကို အသီးသီးရိုက်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါ ဆောင်းရာသီအကြိုဂေါက်သီးရိုက်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ညနေပိုင်းတွင် စီတာပူရပ်ကွက်အတွင်းရှိ လုံဂါပါစားသောက်ဆိုင်၌ ကျင်းပပြုလုပ်ရာ ဂေါက်သီးရိုက် ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဂေါက်သီးရိုက်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆုများပေးအပ်ချီးမြှင့်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲတွင် သတ်မှတ်ချက်အလိုက် ရိုက်ချက်အနည်းဆုံး ဆု ရရှိသူများ၊ အဝေးရိုက်ချက်ဆု ရရှိသူများနှင့် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကို ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)