ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်းကျင်းပဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်အတွင်းရှိ မိုးညှင်းမြို့နယ်၊ ရွှေကူမြို့နယ်၊ မချမ်းဘောမြို့နယ်၊ မိုးကောင်းမြို့နယ်၊ တနိုင်းမြို့နယ်၊ ပူတာအိုမြို့နယ်စသည့်မြို့နယ်များတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။