နောင်မွန်း ဇန်နဝါရီ ၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယနေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၌ ကျင်းပသည်။
ရှေ့ဦးစွာနိုင်ငံတော်အလံတင်အခမ်းအနားကို နံနက်၄နာရီ မိနစ်၂၀တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနမ်ရဲမင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အင်းအား(၄၇)ဦးတို့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးရှေ့ကွင်းပြင်၌ နိုင်ငံတော်အလံလွှင့်တင်အလေးပြုခဲ့သည်။
ထို့နောက်နံနက် ၇ နာရီတွင် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌထံမှ ပေးပို့သော (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့သဝဏ်လွှာကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနမ်ရဲမင်က ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရဝမ်စာပေနှင့်ရိုးရာယဥ်ကျေးမှုအသင်းဝင်များ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ(၈၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)