ကချင်ပြည်နယ်

နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၌ လူငယ်စကားဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်းရှိ လူငယ်များ အသိပညာဗဟုသုတတိုးပွား၍ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် စာပေဟောပြောပွဲများနှင့် လူငယ်စကားဝိုင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)ရှိ ဟောခန်းမ၌ လူငယ်စကားဝိုင်းကျင်းပရာ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးအောင်သူက လူငယ်စကားဝိုင်း ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

မိုးညှင်းမြို့နယ် ဟဲလုံခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိသူများမှ သွားရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ဟဲလုံခေတ်မီ စံပြကျေးရွာ ထူထောင်ရေးစီမံကိန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ယနေ့ နံနက်(၉)နာရီက သွားရောက်ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

မိုးမောက်မြို့၌ ကျောက်စီရေမြောင်းဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်ရန် ကြိုတင်ကွင်းဆင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ကြေးနန်းရပ်ကွက် (ကျောက်စခန်းသွားလမ်း) သို့ ၂၀၂၃ ခုနှစ် မေလ ၂၅ ရက်နေ့၌ ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ခရီးစဉ်တွင် တောင်သူများနှင့် တွေ့ဆုံပွဲ၌ တောင်သူများမှ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ် (၃၆၆) ဧကတွင် မိုးရာသီအချိန်၌ စပါးစိုက်ပျိုး နိုင်ရေးနှင့် မိုးရာသီပြီးချိန်တွင်လည်း လယ်ဧက (၃၀၀) ကျော်တွင် နွေစပါး၊ ဆောင်းသီးနှံ၊ သီးထပ် သီးညှပ် အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ကျောက်စီ ရေမြောင်းဆောင်ရွက်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြတောင်းခံခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင်အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန (ဗန်းမော်) ၏ကြီးကြပ်မှုဖြင့် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ဗန်းမော်မြို့နယ်၊ ခိုကျင်ကျေးရွာ၊ မြစိမ်းရောင်ခန်းမ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများ၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မချမ်းဘော အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

ချီဖွေမြို့နယ်၊ တောင်တန်းသာသနာပြုကျောင်း၊ ကျောင်းဆောင်သစ်အပ်နှင်းပွဲနှင့် ရေစက်ချ အလှူတော် မင်္ဂလာအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်၌ တောင်တန်းသာသနာပြုကျောင်း ကျောင်းဆောင်သစ် အပ်နှင်းပွဲနှင့် ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀)နာရီတွင် အဆိုပါ သီတာရုံကျောင်း ဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်၌ ရပ်ရွာအခြေပြု မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ

ကချင်ပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ တာဝန်ယူကာ ရပ်ရွာအခြေပြု မူးယစ် ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု ဂါလိလဲအိုင်ကျေးရွာရှိ “ဂါလိလဲအင်း” လူငယ်ပြုစု ပျိုးထောင်ရေး လူမှုအသင်း သင်တန်းကျောင်းရှိ ခန်းမတွင် ကျင်းပခဲ့သည်။

ဆဒုံးမြို့၊ ဆနာကျေးရွာတွင် ပဲတောင့်ရှည်တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ဆနာကျေးရွာတွင် တိုင်ထောင်ပဲတောင့်ရှည် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသူများ ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိ ကြောင်း သိရသည်၊၊

ဖားကန့်မြို့နယ် အခြေခံပညာကျောင်းများတွင် KG ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ကာကွယ်ဆေး စတင်ထိုးနှံပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် အသက် (၅)နှစ်ပြည့် KG တန်း ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ကိုဗစ် ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကတ်သလစ်အသင်းတော်ဝင်းအတွင်း နန်ဆန်ယန်ဒေသမှ ထပ်မံတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဒုတိယ အကြိမ် သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ အမှတ်(၂)ရပ်ကွက် RC ဘုရားကျောင်း၊ မိုင်းနား AG စခန်း၊ ဒဘတ်ယန်ကျေးရွာ၊ ကဇူး ကျေးရွာ နှင့် မိုင်းနား RC စခန်းတို့တွင် ခေတ္တတိမ်းရှောင်လာသည့် ဒေသခံပြည်သူများအား မိုင်းနား ကျေးရွာ၊ မိုင်းနား RC စခန်း၌ ဇူလိုင် ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူ များက သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်