ကချင်ပြည်နယ်

မိုးညှင်းမြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာ ကျောင်းများတွင် လူငယ်ရေးရာနှင့် ပတ်သက်၍ အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီက အ.လ.က(ခွဲ)နောင်စွန်း၌ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

မချမ်းဘောမြို့ (Community Centre) ခန်းမ၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြှင့်တင် လာစေရန်နှင့် မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်များကို တန်ဖိုးထားလေးစား တတ်စေရန် ရည်ရွယ်၍ ၂၀၂၃ခု နှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ သစ်ပင်၊ သစ်တောပြုန်းတီးမှုမရှိရေး အသိပညာပေး Talk Show ကို ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) ၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်၍ နယ်စပ်‌‌ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်‌ရေးဦးစီးဌာန၊ အမှတ်(၁) နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) ရှိ ခန်းမ၌ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံ၍ မိုးစပါးအပြင် သီးထပ်သီးနှံများစိုက်ပျိုးနိုင်ရေး ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးချိန် တောင်သူများ၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးနှင့် မိုးစပါးအပြင် သီးထပ်သီးနှံများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး၊ မြို့နယ် အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၅ ရက် နံနက် ၈ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ကာမိုင်းမြို့၌ အတည်တကျပြောင်းရွှေ့နေထိုင်သည့် စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ နန့်စီးအင်ကျေးရွာအုပ်စု ထွယ်ဆန်ယန်ရပ်ကွက်အတွင်းရှိ အတည်တကျပြောင်းရွှေ့နေထိုင်သည့်(RC) စစ်ရှောင်ပြည်သူများအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယ​နေ့နံနက်(၁၀)နာရီက ကာမိုင်းမြို့ ကောင်ရာကျေးရွာ(RC)ဘုရားရှစ်ခိုးကျောင်းခန်းမ၌ တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

မိုးညှင်းတက္ကသိုလ်၌ ခရိုင်/ မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင်အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကျင်းပ

ကချင်ပြည်နယ် မိုးညှင်းတက္ကသိုလ်တွင် ခရိုင်နှင့်မြို့နယ်တို့မှ ဘောလီဘောလက်ရွေးစင် အသင်းများနှင့် တက္ကသိုလ်လက်ရွေးစင် ဘောလီဘောအသင်းတို့ ချစ်ကြည်ရေးအားကစားပွဲကို ယမန်နေ့ ညနေ(၃)နာရီခွဲတွင် ဘက်စုံသုံးအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် လုပ်ငန်းများအားကြည့်ရှု

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်သည် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် လုပ်ငန်းများ အား ယမန်နေ့တွင် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင်တက္ကသိုလ်များ ချစ်ကြည်ရေး ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဗန်းမော်ခရိုင် တက္ကသိုလ်များ ချစ်ကြည်ရေး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၁၅ ရက် နံနက် (၉)နာရီခန့်က ဗန်းမော်တက္ကသိုလ်အားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့ အ-ထ-က(၂) တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းကောင်စီကတိသစ္စာခံယူပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းမြညီလာခန်းမ၌  အ-ထ-က(၂)ကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းကောင်စီ ကတိသစ္စာခံယူပွဲကို ဇူလိုင် ၁၄ ရက် နံနက် ၉နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to ကချင်ပြည်နယ်