ပူတာအိုမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်း စက်ချုပ်နည်း ပညာသင်တန်းဖွင့်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ် ပူတာအိုခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ် သည့် ဘိန်းစိုက်ပျိုးသည့် မြို့နယ်များတွင် အစားထိုး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းတွင် ပါဝင်သည့် အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအနေဖြင့် စက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်(၂)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် ပူတောင်းကျေးရွာ အုပ်စု မုဒုံ- ၂ ကျေးရွာ ခရစ်တော်၏ အသင်းတော်ဘုရားကျောင်း၌ ကျင်းပသည်။