ဗန်းမော် ဩဂုတ် ၂
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေး ဆောင်ရွက်မည့် အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်ပွဲအခမ်း အနား ကို ဗန်းမော်မြို့နယ် တာမိုင်းလုံကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ယနေ့ နံနက် ၁၀ နာရီခန့်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းနိုင်က အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းကို ကျေးလက်နေအတွင်းရှိ အမျိုး သမီးငယ်များမှ စက်ချုပ်ဒီဇိုင်းနာကောင်းများ ပေါ်ထွက်လာစေရန်၊ ကျေးလက်နေအမျိုးသမီးများမှ စက်ချုပ်နည်းပညာကို အသုံးပြု၍ အထည်များကို ဒီဇိုင်းလှပ ခေတ်မီစွာဖန်တီး၍ ဈေးကွက်ဝင် အထည်များအဖြစ် ထုတ်လုပ်ရောင်းချနိုင်ရန်၊ ကျေးလက်နေအမျိုးသမီးများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်လာပြီး အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာရပ်ဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း သင်တန်းအဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝင်းကိုက စီမံကိန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားခြင်း၊ ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်တင်စိုးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြော ကြားခြင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးက သင်တန်းတွင် အသုံးပြုမည့် သင်ထောက်ကူပစ္စည်းများ ပေးအပ် ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူ ခဲ့သည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးပွားရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း (၇)ခု အနက်မှ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို တာမိုင်းလုံကျေးရွာတွင် ကိုယ်ပိုင်လုပ်ငန်း ထူထောင်လိုသူ သင်တန်းသူ(၁၅)ဦးအား စက်ချုပ်နည်းပညာ သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း ကို (၂.၈.၂၀၂၃) ရက်နေ့မှ (၁၅.၁၀.၂၀၂၃) ရက်နေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် စက်ချုပ် နည်းပညာသင်တန်းအား လုပ်ငန်းထူထောင်နိုင် သည်အထိ ကျွမ်းကျင်စွာတတ်မြောက်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်ပြီး အမှန်တကယ်လုပ်ငန်းထူထောင်မည့် သင်တန်းသူ(၅)ဦးအား သတ်မှတ်ချက်နှင့်အညီ ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသော စက်ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ခရိုင်ပြန်/ဆက်