ကချင်ပြည်နယ်

ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း သဘာဝအခြေခံခရီးသွားလုပ်ငန်းသည် ထင်ပေါ်ကျော်ကြား သောခရီးစဉ်ဒေသတစ်ခုဖြစ်ပြီး ပြည်တွင်းပြည်ပ ခရီးသွာများနှစ်စဉ်များပြားစွာ လာရောက် လည်ပတ်လျက်ရှိ သောဒေသတစ်ခုဖြစ်ရာ ယခုနှစ်ပွင့်လင်းရာသီ ခရီးသွားလုပ်ငန်းအတွက် ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်သဘာဝ အခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်အဆင့် ခရီးစဉ် ဒေသစီမံခန့်ခွဲရေးအဖွဲ့လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ဩဂုတ်(၃)ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့နယ် မဂျော့ဝါကျေးရွာရှိ ဟိုတယ် (မဂျော့ဝါ)ခန်းမ၌ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

တနိုင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပုံမှန်ကာကွယ်ဆေးတိုက်၊ ဆေးထိုးခြင်းများ ဆောင်ရွက်

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် အသက် ၃ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ပုန်ခုန်းရပ်ကွက် မိခင်နှင့်ကလေးကျန်းမာရေးရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါနန်းပွဲ အခမ်းအနားကို ဩဂုတ်(၁)ရက်နေ့ နံနက် ၁၀ နာရီက ချီဖွေမြို့နယ် တောင်တန်းသာသနာပြု‌ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

မံစီမြို့နယ်၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(မံစီ) ဖုန်ကန်ဒူဝါခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့သည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ဝမ်းပျက်ဝမ်းလျှော ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ အခြေခံပညာအထက်တန်း (မြို့မ) ကျောင်း၌ နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် နယ်လှည့်ဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက အခြေခံပညာ အထက်တန်း (မြို့မ)ကျောင်း "မရန်ယောရှု" ဆောင်၌ ဆောင်ရွက်ခဲ့သည်။

မချမ်းဘောမြို့နယ်၌ ငါးမွေးမြူရေးဆင့်ပွားသင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ်၏ ခရီးစဥ်လမ်းညွှန်ချက်ဖြင့် ကျေးလက်နေဒေသခံ ပြည်သူများ တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ သဘာဝငါးသယံဇာတကို အပြည့်အဝအသုံးချတတ်လာစေရန်၊ ကျေးလက်နေမိသားစု တစ်စုချင်းစီ၏ ငါးစားသုံးမှု ပိုမိုမြင့်တက်လာစေရန်၊ တိုင်းရင်းငါးမျိုးများ မျိုးသုဥ်းပျက်စီးမှုမှ ထိန်းသိမ်းကာကွယ်ရန်နှင့် ငါးသယံဇာတများ တိုးပွားလာစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် ငါးမွေးမြူရေးဆင့်ပွား သင်တန်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက နမ်ခမ်ကျေးရွာခန်းမ၌ ဖွင့်လှစ် ခဲ့သည်။

ဆဒုံးမြို့၊ ဌာနဆိုင်ရာများနှင့်အလှူရှင်များစုပေါင်း၍ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကာ မြို့အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များစုပေါင်း၍ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီခွဲက ဆဒုံးမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ထေရဝါဒတောင်တန်းသာသနာပြု ဗဟိုကျောင်းတိုက်၌ ကျင်းပ ပြုလုပ်ခဲ့သည်၊၊
Subscribe to ကချင်ပြည်နယ်