ကချင်ပြည်နယ်

ပူတာအိုမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာအရ “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းဖို့” ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ အောက်တိုဘာ(၅)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

မိုးညှင်းမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အဖြစ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြတ်သရဖူခန်းမ၌ ကျင်းပသည်။

မိုးမောက်မြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲအခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း မြညီလာခန်းမတွင် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယ ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပူတာအိုခရိုင်၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ(၄)ရက် ညနေ(၃)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။

ဆဒုံးမြို့ပတ် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းပြီးစီး၍ သွားလာမှုပိုမိုအဆင်ပြေ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ ရပ်ကွက် (၅)နှင့် ရပ်ကွက်(၄) ချိတ်ဆက်ထားသော လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်​ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးသွားပြီ ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ ပြည်နယ်အစိုးရအဖွဲ့၏ RC (၂)ထပ် ရုံးအ‌ဆောက်အအုံအသစ်အား ပန္နက်ရိုက်တင်ပေး

 ‘ပညာရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့’ ဟူသည့်ဆောင်ပုဒ်ဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသား/သူများက “မြတ်ဆရာ” သီချင်းဖြင့်‌ သရုပ်ပြဖျော်ဖြေကာ အခမ်းအနားအား ဖွင့်လှစ်သည်။

ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်” အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၃) နာရီ က ကျင်းပခဲ့သည်၊၊

ဒေါ့ဖုန်းယန်မြို့၌ မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ကျေးလက်ကျန်းမာရေးဌာန၌ ကလေးငယ်များရောဂါကင်း၍ ကျန်းမာပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေး ငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အောက်တိုဘာ ၅ နံနက် ၉ နာရီမှစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်