ပူတာအို အောက်တိုဘာ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့တို့ ပူးပေါင်းမှုဖြင့် စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို အောက်တိုဘာ(၄)ရက် ညနေ(၃)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ကျင်းပသည်။
စာဖတ်ဝိုင်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး Book Club အဖွဲ့ဉက္ကဋ္ဌ ဒေါ်ခင်ဌေးရီကစာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း စာအုပ်မှ “လူငယ်တွေအတွက် လူကြီးတွေပြင်ဆင်သင့်တဲ့အရာများ၊ မုန်လာဉဝါ ကြက်ဉနဲ့ ကော်ဖီနဲ့ ဘဝအမြင်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အဖွဲ့ဝင် ဒေါ်ရီရီခိုင်က လူငယ်နှင့်မေတ္တာတရားခေါင်းစဉ်ဖြင့်လည်းကောင်း ဦးဆောင်ဆွေးနွေးသည်။
ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Book Club အဖွဲ့ဝင်များက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်ပါ အကြောင်းအရာများမှ မိမိဖတ်မှတ်သမျှကို အပြန်အလှန်အသိပညာဖလှယ်ဆွေးနွေးကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် Book Clubအဖွဲ့ဉက္ကဋ္ဌတို့က လိုအပ်သည်များ ပြန်လည်ဖြည့်စွက်အသိပညာပေးဆွေးနွေးသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဆိုင်ရာဆွေးနွေးမှုစွမ်းရည်များ တိုးတက်လာစေရန်၊ အဖွဲ့အစည်း အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးသည့် အလေ့အကျင့်များ ဖြစ်ထွန်းလာစေရန်နှင့် အစဉ်အမြဲ ဖတ်၊ မှတ်၊ လေ့လာနေသည့် လူ့ဘောင်အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း သိရသည်။
ဖုန်ကန်(ပူတာအို)