ဆဒုံးမြို့ လူထုအခြေပြုဗဟိုဌာန၌ “ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်” အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ဆဒုံး အောက်တိုဘာ ၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် “ကမ္ဘာ့ဆရာများနေ့” အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို  ယမန်နေ့ မွန်းလွဲ (၃) နာရီ က ကျင်းပခဲ့သည်၊၊

ဟောပြောပွဲတွင် ဆဒုံးမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်မာဝင်းက ကျောင်းသား/ကျောင်းသူများအား အသိပညာ ဗဟုသုတရရှိစေရန်၊ နေ့ထူးနေ့မြတ်များကို အစဉ်အမြဲအောက်မေ့ အမှတ်ရစေလိုကြောင်း၊ ဆရာနှင့် ပညာရေးဒွန်တွဲလျက်ရှိ သလို ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးအတွက်အရေးကြီးသော အခန်းကဏ္ဍတွင် တွဲလျက်ပါဝင်ကြောင်း၊ လူ့လောက၌ ဆရာဟူသည် မြင့်မြတ်လှသော ပုဂ္ဂိုလ်အဖြစ် “အနန္တော အနန္တ” ငါးပါးတွင် ထည့်သွင်းခဲ့ကြကြောင်း၊ ဆရာသမားများ၏ အရိပ်သည် တပည့်တည်း ဟူသော မျိုးစေ့ပင်တို့ကို အစဉ်ရှင်သန်ဖွံ့ဖြိုးတိုးတက်မှု ပေးနိုင်စွမ်းရှိကြောင်း တို့ကို အသိပညာ ဗဟုသုတရရှိစေရန် ဟောပြောခဲ့သည်၊၊

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကျောင်းစာအပြင် ပြင်ပဗဟုသုတများ ရရှိစေရန်၊ စာအုပ်စာစောင်များ ခင်းကျင်းပြသ ထားရှိမှုများအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခင်မာဝင်း (ဆဒုံး)