ကချင်ပြည်နယ်

မချမ်းဘောမြို့နယ် နမ်ခမ်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ငါးမွေးမြူရေး ဆောင်ရွက်နေသော ငါးမွေးတောင်သူများအား ငါးဖမ်းဆွဲပိုက်အသုံးပြုနည်း လက်တွေ့သရုပ်ပြခြင်း ကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ နမ်ခမ်ကျေးရွာတွင် နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ငါးမွေးမြူရေးဆောင်ရွက်နေသော ငါးမွေးတောင်သူများအား ငါးအလေအလွင့် ပျက်စီးမှုမှ ကာကွယ်ရန်နှင့် ငါးဖမ်းယူမှုလွယ်ကူစေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ငါးဖမ်းဆွဲပိုက်များ လက်တွေ့အသုံးပြုနည်း သရုပ်ပြခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက အဆိုပါကျေးရွာရှိ ငါးမွေးမြူရေးကန်များ၌ ဆောင်ရွက်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်သို့ သွားရောက်ယှဉ်ပြိုင် မည့် ပြည်နယ်ကိုယ်စားပြုအဖွဲ့များအား အောင်နိုင်ရေး အလံနှင့် ထောက်ပံ့ငွေများပေးအပ်

၂၀၂၃ ခုနှစ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဗဟိုအဆင့်သို့ ကချင်ပြည်နယ်အနေဖြင့် ဘာသာရပ်(၆၅)မျိုးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗဟိုအဆင့်ပြိုင်ပွဲတွင် အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေပေး အပ်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါ ဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

မိုးညှင်းတက္ကသိုလ်၌ အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃ ပညာသင်နှစ် အဝေးသင် ဒုတိယအသုတ် ဘာသာရပ်ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက တက္ကသိုလ်အားကစားကွင်း၌ ကျင်းပခဲ့သည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မြစ်ကြီးနားမြို့၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက်

“ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေတိုက်ဖျက်စို့” ဆောင်ပုဒ်ဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပ ပြုလုပ် သည်။

ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် ရပ်/ ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ပြုလုပ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန ကချင်ပြည်နယ်ညွှန်ကြား ရေးမှူးရုံး၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသား မျိုးနွယ်စုများအတွက် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ အသိပညာ‌ပေးဟောပြောခြင်းနှင့် ရပ်/ရွာ အခြေပြုအသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်များ ဆန်းစစ်စီမံခြင်းအတွက် စစ်တမ်းမေးခွန်း ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါ ညွှန်ကြားရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှင်ဗွေယန်မြို့ လူထုအခြပြုဗဟိုဌာန (Community Centre) ၌ မူလတန်းအဆင့် ဆေး‌ရောင်ခြယ်ပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့ လူထုအခြပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူလတန်း အဆင့်‌ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကံပိုင်တည်နယ်စပ်ဂိတ်မှတစ်ဆင့် ကချင်ပြည်နယ်မှ စိုက်ပျိုးသီးနှံထုတ်ကုန်များ တရုတ်နိုင်ငံသို့ မော်တော်ယာဉ်လိုင်းများ စနစ်တကျစစ်ဆေး ကြပ်မတ်တင်ပို့နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကချင်ပြည်နယ်အတွင်းရှိ တစ်သျှူးငှက်ပျောအပါအဝင် စိုက်ပျိုးရေးသီးနှံ ထုတ်ကုန်များအား ကံပိုင်တည်နယ်စပ်ဂိတ်မှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ရာတွင် မော်တော်ယာဉ်များအား စနစ်တကျ စစ်ဆေးကြပ်မတ်တင်ပို့နိုင်ရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများ ပိုမိုမြန်ဆန် မှန်ကန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။

ဝိုင်းမော်မြို့နယ်အတွင်းရှိ ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ဘဏ္ဍာငွေရှာဖွေရေးကော်မတီနှင့် ရွှေလုပ်ငန်းရှင်များ ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအုပ်စု၊ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုး တောင်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရဟန္တာတစ်ထောင်ရှင်ပင်မြတ်စွာ ဆုတောင်းပြည့် စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ဘဏ္ဍာငွေရှာဖွေရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ်အတွင်း စားသုံးဆီဖူလုံမှုရှိစေရေး ဆီစက်လုပ်ငန်းရှင်များ လုပ်ငန်းလည်ပတ်ထားခြင်း ရှိ၊ မရှိ တာဝန်ရှိသူများမှ ဒုတိယအကြိမ်ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်း စားသုံးဆီ ဖူလုံမှုရှိစေရေးအတွက် ဖွံ့ဖြိုးရေးချေးငွေဖြင့် ရယူထားသည့် ဆီစက်လုပ်ငန်းရှင်များ အမှန်တကယ် လုပ်ငန်းလည်ပတ်ထားခြင်း ရှိ၊ မရှိ တာဝန်ရှိသူများမှ ယနေ့နံနက် (၁၁)နာရီက ဒုတိယအကြိမ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ၌ မွမ်းမံစက်ချုပ်နည်းပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနား

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ နန့်လှိုင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ မွမ်းမံစက်ချုပ်နည်း ပညာသင်တန်းဆင်းပွဲနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲကို ယနေ့နံနက် (၉)နာရီတွင် ကျင်းပသည်။
Subscribe to ကချင်ပြည်နယ်