မိုးညှင်းတက္ကသိုလ်၌ အာဆီယံစေတနာ့ဝန်ထမ်းအစီအစဉ်တွင် ပါဝင်ခဲ့သည့် ကျောင်းသူတစ်ဦး၏ အတွေ့အကြုံရှင်းလင်းပွဲ ကျင်းပ

မိုးညှင်း ဒီဇင်ဘာ ၂၉

အာဆီယံ စေတနာ့ဝန်ထမ်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်မှ ကျောင်းသူတစ်ဦး၏ အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ(၃)နာရီတွင် တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပသည်။

ထိုသို့ ကျင်းပရာတွင် ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၌ နိုဝင်ဘာလ(၂၆)ရက်မှ ဒီဇင်ဘာလ (၁၆)ရက် အထိ ကျင်းပသော အာဆီယံ စေတနာ့ဝန်ထမ်းအစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခဲ့သည့် မိုးညှင်း တက္ကသိုလ်မှ အင်္ဂလိပ်စာအထူးပြု တတိယနှစ် ဂုဏ်ထူးတန်းကျောင်းသူ မနန်းအင်ကြင်းစံက အတွေ့အကြုံများရှင်းလင်းရာတွင် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ လုပ်အားပေးမှုနှင့် တွေ့ကြုံမေးမြန်းမှုအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာသည့်အခါ တွေ့ကြုံရမည့် လူငယ်များ၏ အခန်းကဏ္ဍာများ စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲသို့ တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာနိုင်နိုင်လတ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း