ကချင်ပြည်နယ်

ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနိုင်ရေး ညှိနှိုင်းအစည်း အဝေးကျင်းပ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကျမည့် ကျောင်းသားကျောင်းသူများအား ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့ လုပ်ငန်းညှိနိူင်အစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။

မိုးကောင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ ပြည်သူ့ဆစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ဖေဖော်ဝါရီ(၂၀)ရက် နံနက်(၁၀)နာရီတွင် မိုးကောင်းမြို့တော်ခန်းမရှေ့စုရပ်၌ ကျင်းပသည်။

ပူတာအိုခရိုင်၌ အသေးစားလက်တွန်းထွန်စက်လွှဲပြောင်းပေးအပ်

ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်ခရီးစဉ်အတွင်း ကချင်ပြည်နယ်စက်မှု လယ်ယာဦးစီးဌာနမှ အသေးစားလက်တွန်းထွန်စက် (၁၂)စီးအား လွှဲပြောင်းပေးအပ်ခြင်းကို ဖေဖော်ဝါရီ (၁၇) ရက်နေ့တွင် ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်တကွ ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စက်ဝယ်ယူသူ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း (ရေခဲတောင်သွားလမ်း) ဖောက်လုပ်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး၊ ရေခဲတောင်ခြေရှိ ဇီယာဒမ်းကျေးရွာ၌ ဒေသတွင်းရှိ ကျေးရွာနေပြည်သူများနှင့် တွေ့ဆုံပွဲ ကျင်းပ

မြန်မာပြည်မြောက်ဖျားပိုင်း ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် ယမန်နေ့ နံနက် ၆ နာရီက ပူတာအိုမြို့နယ်အတွင်းရှိ ဖုန်ကန်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်းပိုင်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြန်မာပြည်မြောက်ဖျား ခေါင်လန်းဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင်အတွင်းရှိ ခေါင်လန်ဖူးဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဗန်းမော်မြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ပွဲကို ဖေဖေါ်ဝါရီ ၁၈ နံနက် ၈ နာရီတွင် သတ်မှတ်စုရပ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးညှင်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ ပြုလုပ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲကို ယနေ့နံနက်(၈)နာရီက သတ်မှတ်စုရပ်နေရာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အာဟာရဖြည့်အစားအစာများ ကျွေးမွေးလှူဒါန်း

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားခြင်းနှင့် အာဟာရကျွေးမွေးခြင်းကို ယနေ့နေ့လယ် ၁၂ နာရီက အခြေခံပညာအ.ထ.ကကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။

လူမှုဖူလုံရေး ဥပဒေနှင့်အညီ ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Best Oil Company (10002.32.5.2.1) မိုးညှင်းမြို့နယ်မှ အာမခံအလုပ်သမား ဦးသူရဇော်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးခြင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊မြို့နယ်လူမှုဖူလုံရေးရုံးတွင် ၁၆-၂-၂၀၂၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။

မိုးညှင်းတက္ကသိုလ်၌ ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ဒုတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီမှစတင်၍ တက္ကသိုလ်ရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ကချင်ပြည်နယ်