မြစ်ကြီးနား ဖေဖော်ဝါရီ ၁၆
လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိရာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် Best Oil Company (10002.32.5.2.1) မိုးညှင်းမြို့နယ်မှ အာမခံအလုပ်သမား ဦးသူရဇော်၏ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်းအတွက် ကျန်ရစ်သူအကျိုးခံစားခွင့်အား ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးခြင်းကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၊မြို့နယ်လူမှုဖူလုံရေးရုံးတွင် ၁၆-၂-၂၀၂၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကချင်ပြည်နယ် ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိ ဒေါ်မြတ်မွန်မိုးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်အကြောင်းနှင့် ကျန်ရစ်သူအကျိုးခံစားခွင့် ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိုးညှင်းမြို့မှ အာမခံအလုပ်သမားဦသူရဇော်အတွက် လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခြင်း ကျန်ရစ်သူ အကျိုးခံစားခွင့် ကျပ်-၆၀၀၀ဝ၀ဝိ/- (ကျပ်သိန်းခြောက်ဆယ်တိတိ) အား ဇနီးဖြစ်သူထံသို့ ခွင့်ပြုထုတ်ပေးခဲ့ရာ Best Oil Companyမှ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ အလုပ်သမားဆက်ဆံရေးဦးစီးဌာနတို့မှ ပြည်နယ်တာဝန်ခံများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ Best Oil Company မန္တလေးမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ငုချိုချိုကျော်(ပြန်/ဆက်)