မချမ်းဘောမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး ဒုတိယစက်ဝန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့် ရပ်ကွက်ကျေးရွာကော်မတီများထံသို့ ဒုတိယစက်ဝန်း ရန်ပုံငွေမတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။