မချမ်းဘောမြို့၌ နိုင်ငံစီးပွားမြှင့်တင်ရေး  ဒုတိယစက်ဝန်း ရန်ပုံငွေပေးအပ်ပွဲအခမ်းအနားကျင်းပ

မချမ်းဘော မတ် ၁၂

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင်  နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေသည့်  ရပ်ကွက်ကျေးရွာကော်မတီများထံသို့ ဒုတိယစက်ဝန်း ရန်ပုံငွေမတည်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဂူဘားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးအတွက် မတည်ရန်ပုံငွေကျပ်သိန်း (၄၀၀)ကို မြို့ပေါ်ရပ်ကွက်ကျေးရွာ စီမံကိန်းကော်မတီအဖွဲ့ထံသို့ လည်းကောင်း၊ မြို့နယ်သမဦးစီးဌာနမှ မွေးမြူရေးအတွက် မတည်ရန်ပုံငွေ ကျပ်သိန်း (မတည်ရန်ပုံငွေကျပ်သိန်း ၁၅၀)ကို မြို့ပေါ်ရပ်ကွက် ကျေးရွာစီမံကိန်းကော်မတီအဖွဲ့ထံသို့  တာဝန်ရှိသူများက အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ နိုင်ငံစီးပွားမြှင့်တင် မတည်ထောက်ပံ့ရန်ပုံငွေဖြင့်  မြို့ပေါ် ၄ ရပ်ကွက်ရှိ တောင်သူ ၈၅ ဦးတို့က နှစ်ရှည်သီးပင်များဖြစ်သည့် ရှောက်ကော၊ အလေချီ၊ ဂရိတ်ဖရုနှင့် စပါး၊ အာလူးသီးနှံများကိုလည်းကောင်း၊  မွေးမြူရေးမတည်ရန်ပုံငွေဖြင့် ဆွတ်အောင်မွေးမြူရေး အထွေထွေလုပ်ငန်း သမဝါယမ အသင်းသား ၉ ဦးတို့က ကြက်မွေးမြူရေး လုပ်ငန်းများကိုလည်းကောင်း  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ(မချမ်းဘော)