နောင်မွန်း မတ် ၁၂
ပူတာအိုခရိုင် နောင်မွန်းမြို့နယ်တွင် နည်းစနစ်ကျကျ ကစားနိုင်သော အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်နှင့် အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် အားကစားနှင့်ကာပညာဦးစီးဌာနက ကြီးမှူးကျင်းပသော နွေရာသီအခြေခံဘောလုံးသင်တန်းကို မြို့နယ်ပြည်သူ့အားကစားကွင်း၌ ဖွင့်လှစ် သင်ကြားခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဘောလုံးပေးနည်း၊ ဘောလုံးဆွဲပြေးနည်း၊ ဘောလုံးကို စနစ်တကျကန်နည်း စသည့် အခြေခံကျသောဘောလုံးဆိုင်ရာ နည်းစနစ်များကို မတ်လ ၈ ရက်နေ့မှ ဧပြီလ ၃ ရက်နေ့ အထိ မနက်ပိုင်းတွင်တစ်ချိန် ညနေပိုင်တွင်တစ်ချိန် လက်တွေ့ကျကျ သင်ကြား ပို့ချပေးသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းကို နောင်မွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဘောလုံးနည်းပြ ဦးထက်နောင်ကသင်ကြားပေးခဲ့ပြီး မြို့နယ်အတွင်းရှိ အသက် ၁၀ နှစ်အထက် အသက် ၁၈ နှစ်အောက် ဘောလုံးဝါသနာရှင်ပေါင်း ၆၀ ဦးကျော် တက်ရောက်သင်ယူခဲ့ကြသည်။ သင်တန်းကာလပြီးဆုံးပါက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)