ချီဖွေမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်၊ ကျေးရွာများ‌တွင် ရေကြီးရေလျှံမှုဖြစ်ပွား

ချီဖွေ မေ ၂၉

ကချင်ပြည်နယ်၊ ချီဖွေခရိုင်၊ ချီဖွေမြို့နယ်တွင် ယမန်နေ့ ည(၁၁)နာရီအချိန်မှ စတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချီဖွေ-မြစ်ကြီးနာလမ်းနှင့် ချီဖွေ-ပန်ဝါလမ်းပေါ်ရှိ လမ်းပိုင်းများ မြေပြိုကျမှုနှင့် မြို့တွင်းရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ချောင်းရေကြီးခြင်း၊ မြစ်ရေတိုးခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင့် သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ မြို့မဈေးနှင့် ရပ်ကွက်များတွင် ချောင်းရေကြီးခြင်းနှင့် မြစ်ရေတိုးခြင်းကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်း‌နိုင်ရေးအတွက် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက မြေပြင်ကွင်းဆင်း၍ နေရာချထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)