ကချင်ပြည်နယ်

မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ကျောင်းများ စတင်ဖွင့်လှစ်သင်ကြားနေမှုအား လှည့်လည်ကြည့်ရှုအားပေး၊ ပြည်နယ်လက်ရွေးစင်ပိုက်ကျော်ခြင်းအဖွဲ့အား ဂုဏ်ပြုကြိုဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းများအားလုံးကို နိုင်ငံတစ်ဝှမ်း ယနေ့ နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ပြီး ပညာသင်ကြားလျက်ရှိရာ ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာနအောက်ရှိ မြစ်ကြီးနားမြို့ပေါ်မှ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းများအားလုံးကိုလည်း စတင်ဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲ တက်ရောက်

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် ဒေသတွင်း လူငယ်/လူရွယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို အဆိုပါရုံး လေ့ကျင့်ပျိုးထောင်ရေးစင်တာ၌ ယမန်နေ့က ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားခဲ့သည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ ကျောင်းများအားလုံး ယမန်နေ့ နံနက်မှစ၍ စတင်ဖွင့်လှစ်ပညာသင်ကြားလျက်ရှိကြောင်း သိရ သည်။

မိုးညှင်းမြို့၌ "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး"ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲ ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် အငယ်တန်းနှင့် အကြီးတန်းဆောင်းပါးပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီက တက္ကသိုလ်စာကြည့်တိုက်၌ ကျင်းပခဲ့သည်။

ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြားနေမှုများအား ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်၊ပူတာအိုခရိုင်တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ  မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အဖြစ် သတ်မှတ်ကာ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပညာသင်ကြားနေမှုများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မိုးညှင်းမြို့နယ်တွင် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း (၂၀၀)ကျော်မှ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ အိမ်တွင်းလက်မှုပညာအခြေခံခြင်း ထိုးနည်းသင်တန်းဖွင့်လှစ်

ပြည်သူများ Community Centre ခန်းမကို အသုံးပြုတတ်စေရန်နှင့် အိမ်တွင်းလက်မှုပညာမှ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်တတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့ Community Centre ခန်းမ၌ အခြေခံခြင်းထိုးနည်းသင်တန်းကို ဇွန်လ(၁)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။

မိုးကောင်းမြို့ Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် Community Centre ခန်းမ၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရာမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့လယ်(၁)နာရီတွင် ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရက်ကန်းလုပ်ငန်း တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဖြိုးဝေဝေစက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယမအသင်း လီမိတက်မှ ကျောင်းသုံးဗလာစာအုပ် (၁၅၀၀၀၀) ထုတ်လုပ်ဖြန့်ဝေလျက်ရှိသည့် အခြေအနေအား ကွင်းဆင်းစစ်

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် MSME ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ရှိ ဂျိန်းဖောသူရက်ကန်းလုပ်ငန်းနှင့် ပြည်နယ်တစ်ဝှမ်းလုံး ကျောင်းသုံးဗလာစာအုပ် ၁၅၀၀၀၀ ထုတ် လုပ်ဖြန့်ဝေလျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ကချင်ပြည်နယ်