မိုးညှင်းတက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်

မိုးညှင်း ဇွန် ၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းနှင့် ကျောင်းစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ(၃)ရက် နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လက်ခံဆောင်ရွက်ပေးရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယပညာသင်ကာလနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမပညာသင်ကာလမှ ကျောင်းသား ကျောင်းသူများကို ကျောင်းအပ် လက်ခံပေးလျက်ရှိရာ ဇွန်လ(၃)ရက်အထိ ပထမနှစ်တွင် ကျောင်းသား ကျောင်းသူ (၁၃၅)ဦး၊ ဒုတိယနှစ်တွင် (၂၃၆)ဦး၊ တတိယနှစ်တွင် (၁၃၇)ဦး၊ စတုတ္ထနှစ်တွင် (၁၅၆)ဦး၊ ဂုဏ်ထူးတန်း (ပထမနှစ်)တွင် (၅၃)ဦး၊ ဂုဏ်ထူးတန်း(ဒုတိယနှစ်)တွင် (၃၅)ဦး၊ ဂုဏ်ထူးတန်း(တတိယနှစ်)တွင် (၄၇)ဦး၊ မဟာအရည်အချင်းစစ်တွင် (၃၀)ဦး၊ မဟာဘွဲ့(ပထမနှစ်)တွင် (၁၂)ဦးနှင့် မဟာဘွဲ့ (ဒုတိယနှစ်)တွင် (၄၃)ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ (၈၈၄)ဦးထိ ကျောင်းအပ် လက်ခံထားရှိပြီး ကျန်ရှိနေသေးသည့် ကျောင်းသား ကျောင်းသူများကို ဆက်လက် လက်ခံပေးလျက်ရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများမှ စိတ်အေးချမ်းသာစွာဖြင့် ပညာသင်ကြားကြလျက်ရှိပြီး အဆိုပါ ပညာသင်ကြားနေမှုကို တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်း၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များ၊ ကျောင်းသားရေးရာဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

ရွှေမိုးညှင်း