ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် “ခခူး” ရိုးရာအဝတ်အထည်ရက်ကန်းရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ပေါ် ယာယီတိမ်းရှောင်စခန်းနေပြည်သူများ လုံခြုံစွာနေထိုင်စားသောက်နိုင်ရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့် အသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ပေါ်ရှိ “ခခူး” ရိုးရာအဝတ်အထည်ရက်ကန်းရုံသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အသက်(၂၁)နှစ်အောက် လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဗန်းမော်မြို့ အ.ထ.က-၅ တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉) နာရီခွဲခန့်က အ.ထ.က(၅) အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရကချင်ပြည်နယ်လက်ရွေးစင် ရေကူးအသင်းအား မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆို

၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရေကူးပြိုင်ပွဲတွင် ကချင်ပြည်နယ်အနေဖြင့် ပထမဆုံးအကြိမ်အဖြစ် ပြည်နယ်အတွင်းမှ အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ်(၃)ခု၊ ကြေးတံဆိပ်(၁)ခုတို့ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် တတိယအဆင့်ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်ရေကူး အသင်းသည် ဇွန် ၁၅ ရက် ည ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိခဲ့ရာ စည်ကားသိုက်မြိုက်စွာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဗန်းမော်မြို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ဗန်းမော်တက္ကသိုလ်သွားလမ်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း ဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ နောင်ခိုရပ်ကွက်ရှိ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇွန်လ ၁၅ ရက် နံနက် ၇ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားလာစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများနှင့် တွေ့ဆုံ

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ မြစ်ကြီနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဗန်းမော်မြို့တွင် သူနာပြုသားဖွာသင်တန်းကျောင်း သူနာပြုသားဖွားဒီပလိုမာ (၂၀) ကြိမ်မြောက် ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ကျန်းမားရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းမြစ် ဦးစီးဌာနမှ ကျင်းပသော သူနာပြုသားဖွားသင်တန်းကျောင်း သူနာပြုသားဖွားဒီပလိုမာ (၂၀)ကြိမ် မြောက် သင်တန်းသား/သင်တန်းသူများ၏ ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါလေ့ကျင့်ရေး သင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲနှင့် ပြည်နယ်လက်ရွေးစင်တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် သွေးဖောင်ဒေးရှင်းက ဦးဆောင်၍ မြစ်ကြီးနားမြို့ပေါ်ရှိ အသင်းအဖွဲ့များမှ စေတနာ့ သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ ကုတင်-၅၀၀ ဆံ့ ပြည်သူ့ဆေးရုံ၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်သည်။

မိုးညှင်းမြို့နယ် နှုံးချိုကျေးရွာ၌ နှစ်ထပ်ဆောင် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတို့ဖြင့် နှစ်ထပ်ဆောင် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နှုံးချိုကျေးရွာအလည်၌ ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်