မိုးညှင်း ဇွန် ၁၄
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်သော မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းတို့ဖြင့် နှစ်ထပ်ဆောင် ကျေးရွာဘက်စုံသုံးခန်းမဆောင် တည်ဆောက်ရန်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နှုံးချိုကျေးရွာအလည်၌ ကျင်းပခဲ့သည်။
ဦးစွာ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်၊ ဟိုပင်မြို့အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးအောင်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစီမံကိန်းတာဝန်ခံတို့က သတ်မှတ်နေရာများအသီးသီးတွင် မင်္ဂလာပန္နက်ရိုက်ကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမဆောင်ကို ယခုဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းမှ အတိုးရငွေကျပ်သိန်း (၂၀၀)နှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရန်ပုံငွေကျပ် သိန်း(၁၅၀) စုစုပေါင်းငွေကျပ် သိန်း(၃၅၀)ဖြင့် အလျား(၄၂)ပေ၊ (၆)လက်မ၊ အနံ(၂၇)ပေနှင့် အမြင့်ပေ (၂၀)ရှိအုတ်ညှပ် နံကပ်နှစ်ထပ်အမျိုးအစား ကျေးရွာဘက်စုံသုံးခန်းမဆောင်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း