ဗန်းမော်မြို့ အ.ထ.က-၅ တွင် စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ

ဗန်းမော်  ဇွန်    ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသားကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် () နာရီခွဲခန့်က အ.ထ.က(၅) အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်ရာက အဖွင့်အမှာစကားပြောကြားပြီး ဗန်းမော်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်ခိုင်က စားသုံးသူအခွင့်အရေးများ ခေါင်းစဉ်ဖြင့်လည်ကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းက "စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်အသိပညာပေး" ခေါင်းစဉ်ဖြင့် လူငယ်လူရွယ်များအနေဖြင့် တိုးတက်ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေမည့် စာကောင်းပေမွန်များကို အားလပ်ချိန်များတွင် စာကြည့်တိုက်တွင် ရှာဖွေဖတ်ရှုရန်လိုကြောင်းနှင့် လူငယ်လူရွယ်များ၏ အဓိကရန်သူများဖြစ်သည့် မူးယစ်ဆေးဝါးကို မသုံးစွဲဘဲဝေးဝေးက ရှောင်ကြဉ်ကြရန်လိုကြောင်း လူကုန်ကူးမှုဆိုင်ရာ သိကောင်းစရာများနှင့် ကလေးစစ်သားအသုံးမပြုရေးတို့ကို အသိပညာပေးဟောပြောခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်ကို ဖြန့်ဝေခဲ့ကြပြီး အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို ကျောင်းသား   ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်