ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးငယ်များကာယဉာဏ်ဏဖွံ့ဖြိုးတိုးတက်စေရေး ပြိုင်ပွဲများဆောင်ရွက်
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ် ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများ လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့က လူထုအခြေ ပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များစာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။