ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ

ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် Youth Club အသင်းနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာရေးဆရာ ဒေါက်တာကျော် စိန်ရေးသားသော "လူငယ်လမ်းညွှန် "စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့  ပြည်သူ့စာကြည့်တိုက်တွင် “အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်” အသိပညာပေးနံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်“ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်”  အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့နံနက် ၁၀  နာရီအချိန်ကပြသထားကြောင်း သိရသည်။

လိပ်သိုမြို့  ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်း သူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းလျက်ရှိကြောင်း  သိရသည်။

မက်မန်းမြို့  လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ပြည်သူများစာဖတ်သည့်အလေ့အထ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

(၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသော အခန်းကဏ္ဍသည် စာပေ တတ်မြောက်ခြင်းပင် ဖြစ်သည်။ စာတတ်မြောက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ စာပေထူးချွန်သည့် သားကောင်းရတနာ မျိုးဆက်သစ် အနာဂတ် လူငယ်များ ပေါ်ထွန်းလာစေရန် အတွက် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင်  ယမန်နေ့က (၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။

ကျိုက်ဒုံမြို့၊လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီက စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း( Book Club) မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

သံတောင်ကြီးမြို့နယ်  Community Centre ခန်းမတွင်   နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်  အသိပညာပေး  (Talk Show)  ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် (Book Club) တို့ပူးပေါင်း၍ နိုင်ငံ တကာစာတတ်မြောက်ရေးနေ့  အထိမ်းအမှတ်အသိပညာပေး (Talk Show) ကို ယနေ့နံနက် (၁၀)နာရီအချိန်က  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

၂၀၂၂ခုနှစ်၊ ယမန်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာ​စောင်ပြသခြင်းကို သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူလူငယ်များ​ဖြင့် ယနေ့  နေ့လယ် ၁၂ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Subscribe to ဦးစီးဌာန(ပြည်နယ်)လှုပ်ရှားမှုများ