ကေ့ာကရိတ် စက်တင်ဘာ ၈
ကရင်ပြည်နယ်၊ ကေ့ာကရိတ်မြို့၌ ကိုဗစ်-၁၉အိုမီခရွှန်မျိုးကွဲ B4B5ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ဝန်ထမ်းများစုပေါင်း၍ လူစည်ကားရာနေရာတို့တွင် သွားလာကြသည့် ပြည်သူ့များအား နှာခေါင်းစည်း mask တပ်ဆင်၍သွားလာကြရေးအတွက်maskCampagin ပြုလုပ် ဆောင်ရွက်ခြင်းကို ယနေ့နံနက်၈နာရီချိန်က ကေ့ာကရိတ်မြို့မြို့မစျေးကြီးရှေ့တွင် ပြု လုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉အိုမီခရွန်န်မျိုးကွဲ B4B5ရောဂါပိုး ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးကျော်ကျော်ဦး ဦးဆောင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာ့နိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ်စည် ပင်သာယာရေး အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ ခရိုင်ပြန်ဆက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများတို့မှ လူစည်ကားရာ လမ်းဆုံလမ်းထောင့်နှင့် မြို့မစျေးရှေ့တို့တွင်သွားလာနေကြသည့် ပြည်သူများအား mask နှာခေါင်းစည်းတပ်ဆင်၍သွားလာရေး အသိပေးနှိုးဆော်ပြီး mask များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)