ရခိုင်ပြည်နယ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ လူငယ်များနှင့်စာဖတ်ဝိုင်းပြုလုပ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ဂွမြို့ စည်ပင်ကျေးရွာ အ.မ.ကနှင့် ရွာသစ်ကုန်းကျေးရွာမူလွန်ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက စည်ကျေးရွာ မူလတန်းကျောင်း၌လည်းကောင်း၊ နေ့လယ် ၁၂ နာရီတွင် ရွာသစ်ကုန်းကျေးရွာ၊ မူလွန်ကျောင်းခန်းမ၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲ (၁) နာရီအချိန်ခန့်က ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာ၊  ဗဟုသုတဖွံ့ဖြိုးရေးအတွက် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း အမှတ်(၁) အခြေခံပညာအလယ်တန်းမြို့မကျောင်း၌ နံနက် ၉ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် လူရည်ချွန် အားကစားစွမ်းရည်ပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေး ဆက်လက်စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ် လူငယ်များ၊ အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ  ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို   ယမန်နေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီး၌ အထူးကုဆရာဝန်ကြီးများအဖွဲ့မှ (အခမဲ့) ဆေးကုသပေးမည်

ကျန်းမာရေးဝန်ကြီးဌာနအစီအစဉ်ဖြင့် ပါမောက္ခအထူးကုဆရာဝန်ကြီးများပူးပေါင်းအဖွဲ့သည် သံတွဲခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဇန်နဝါရီ ၁၃ ရက်နှင့် ၁၄ ရက်နေ့များတွင် သံတွဲခရိုင်အတွင်းရှိ ရောဂါဝေဒနာရှင်များအား (အခမဲ့)စမ်းသပ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိဖြန့်ခွဲနေမှုအား ကြည့်ရှုစစ်ဆေး

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ပို့ဆောင်ဆက်သွယ်ရေး လုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်လည်ထူထောင်ရေးပစ္စည်းများကို ပို့ဆောင်ပေးလျက်ရှိရာ MV Moon Light သင်္ဘောဖြင့် စစ်တွေမြို့သို့ရောက်ရှိလာသည့် ပစ္စည်းများအား မြန်မာ့ဆိပ်ကမ်း အာဏာပိုင် စစ်တွေဖောင်တော်ကြီးဆိပ်ကမ်း၌ ကုန်တင်ကုန်ချပြုလုပ်နေမှုကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ကျောက်ဖြူမြို့၌ (၂၀၂၃-၂၀၂၄) ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်ပညာရေးမှူးရုံး ကုမုဒြာခန်းမတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ဆုရကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နေ့လယ်အချိန်က စာပေချစ်မြတ်နိုးသူလူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ရခိုင်ပြည်နယ်