မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲများ ကျင်းပလျက်ရှိ

မိုးနဲ ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အခြေခံပညာကျောင်းများ၌ ပညာရေးစုံညီပွဲတော်များ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့တွင်လည်း အမှတ်() အခြေခံပညာအလယ်တန်းမြို့မကျောင်း၌ နံနက် ၉ နာရီအချိန်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ​မိုးနဲမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး တိုးဝင်းဖေမှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေမှလည်း အမှာစကားပြောကြားပေးခဲ့သည်။ ထို့နောက် ကျောင်းအကျိုးတော်ဆောင်တစ်ဦးက လည်းကောင်း၊ ကျောင်းသားမိဘကိုယ်စာလှယ်တစ်ဦးမှလည်းကောင်း အမှာစကားများ ပြောကြားပေးခဲ့ရာ အမှတ်(အခြေခံပညာအလယ်တန်းမြို့မကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်လီလီမိုးစက်က ကျေးဇူးတင်စကားနှင့် ကျောင်း၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များအား ပြောကြားပေးခဲ့သည်။

ဆက်လက်၍ ကြွရောက်လာကြသော တပ်နယ်မှူး၊ မြို့နယ်ပညာရေးမှူးနှင့်တကွ ဌာနဆိုင်ရာများ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသား/သူ မိဘများအား ကျောင်းသား/သူလေးများက ရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

ဇင်ကိုကို(ပြန်/ဆက်)