သံတွဲ ဇန်နဝါရီ ၁၂
သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာမောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များစာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက လူငယ်လူရွယ်များအားလုံး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေပြီး အသိပညာဗဟုသုတများရရှိ လာစေရန်ရည်ရွယ်၍ ယခုလိုစာဖတ်ဝိုင်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဦးယဉ်ဌေးက စာရေးဆရာမောင်မင်းစိုးရေးသားသည့် မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ" စာအုပ်မှ မကောင်းသောဗီဇနှင့်ဝါသနာအားကြီးခြင်း၊ ဦးဉာဏ်မင်းထူးက တိကျသောရည်မှန်းချက်မရှိခြင်း ဦးရဲမင်းထက်က သာမန်ထက်ပို၍တိုးတက်လိုစိတ်မရှိခြင်း၊ ဦးကျော်ကျော်သန်းက ဇွဲ၊ လုံ့လ၊ ဝီရိယနှင့်စည်းကမ်းမရှိခြင်း၊ ဒေါ်နှင်းနှင်းအေးက မကောင်းသော ပတ်ဝန်းကျင်အသိုင်းအဝိုင်း၏ ဩဇာလွှမ်းမိုးမှုခံရခြင်းခေါင်းစဉ်များကို တစ်ဦးချင်းအသေးစိတ်ဖတ်ကြားဆွေးနွေးခဲ့ကြရာ ဦးစီးအရာရှိက ခေါင်းစဉ်တစ်ခုချင်းအလိုက် အသေးစိတ်ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့သည်။
ခရိုင်(ပြန်/ဆက်)