ရခိုင်ပြည်နယ်

သံတွဲမြို့နယ်ရှိ စာစစ်ဌာနများ၌ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှ စတင်၍ ပထမနေ့ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ စာစစ်ဌာန(၆)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ  မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၄ ခုနှစ်၊  တက္ကသိုလ်ဝင် စာမေးပွဲကို မြန်မာတစ်နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်တည်းဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစတင်ကာ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်ရှိ စာစစ်ဌာန (၃)ခုတွင် မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ကျောင်းသူ(၄၉၃)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့)  မြန်မာစာဘာသာရပ် စတင်ဖြေဆို

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် ယနေ့နံနက် ၉ နာရီမှစ၍ စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်အတွင်းရှိ စာစစ်ဌာန(၁၂)ခု၌ တက္ကသိုလ်ဝင်စာမေးပွဲ(ပထမနေ့) မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၂၅၄)ဦးတို့မှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ယင်းသို့ဖြေဆိုနေမှုအား ကျောက်ဖြူတပ်နယ်ဗျူဟာမှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်‌ရေး  တာဝန်ကျ ဆရာ၊ဆရာမများကို လမ်းညွှန် မှာကြားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်

နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့ကွပ်ကဲမှုအောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲများမှ တပ်ဖွဲ့ဝင်များ၊ ရဲမေနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ ဒုတိယရဲချုပ်၊ လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အမ်းခရိုင် အမ်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၆)ခုတွင် ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာ စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာအား အေးချမ်းပျော်ရွှင်စွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိန္တလီမြို့၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို စတင်ဖြေဆို

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ အ.ထ.က ကျိန္တလီ စာစစ်ဌာန၌ ယနေ့နံနက် ၉နာရီအချိန်တွင်   ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၁၇)ဦးတို့က ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အမ်းမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်

ရခိုင်ပြည်နယ် အမ်းခရိုင်အမ်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာပေးပွဲကို ဝင်ရောက်ဖြေဆိုရန် ရောက်ရှိနေသည့် ကျောင်းသား၊ ကျောင်းသူများ စားသောက်ရေးအဆင်ပြေစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကြီးကြပ်မှုဖြင့် ထောက်ပံ့လှူဒါန်းသော ဆန် (၁၀)အိတ် ဆီ(၆)ပုံး၊ ကြက်သွန်(၅)အိတ်၊ ငရုတ်သီးခြောက်(၂၀)ပိဿာအား ယနေ့နံနက်က လှည့်လည်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre) ၌ လူငယ်များနှင့် စာဖတ်ဝိုင်းပြုလုပ်

သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Computer သင်တန်းသားများစုပေါင်း၍ စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပါရဂူ) ရေးသားသည့် ကလေးကိုချစ်ရင် မခြောက်ပါနဲ့ စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် စာစစ်ဌာနများအား သွားရောက်ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ပေါ်ရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများ စီစဉ်ဆောင်ရွက်ထားရှိမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Subscribe to ရခိုင်ပြည်နယ်