အမ်း မတ် ၁၁
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၆)ခုတွင် ယနေ့နံနက်က ကျောင်းသား/ကျောင်းသူများ မြန်မာစာဘာသာအား အေးချမ်းပျော်ရွှင်စွာစတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန(၆)ခုဖြစ်သော အ.ထ.က(၁)စာစစ်ဌာန၊ အ.ထ.က (၂)စာစစ်ဌာန၊ အ.ထ.က (၃)စာစစ်ဌာန၊ အ.ထ.က-တပ်တောင်စာစစ်ဌာန(အမှုထမ်း-၂ အ.ထ.က(ခွဲ)တွင် ကျောင်းသား/ကျောင်းသူ (၉၉၄) ဦး ရှိသည့်နက် ယနေ့ မြန်မာစာဘာသာအား ဖြေဆိုသူဦးရေ (၆၇၈)၊ ပျက်ကွက်သူဦးရေ (၃၁၆) ဦး၊ ဖြေဆိုသည့်ရာခိုင်နှုန်း ၆၈.၂၁% ရှိကြောင်း၊ အ.ထ.က ကမ်းထောင်းကြီးစာစစ်ဌာန (မြောက်ပိုင်းရပ်ကွက် အလယ်တန်းကျောင်း)တွင် စာရင်းရှိ ကျောင်းသား/ကျောင်းသူ (၃၆၁) ဦး ရှိသည့်နက် ယနေ့ မြန်မာစာဘာသာအား ဖြေဆိုသူဦးရေ (၁၉၃)၊ ပျက်ကွက်သူဦးရေ (၁၆၈) ဦးရှိကြောင်း၊ အ.ထ.က ကမ်းနီစာစစ်ဌာန(အောက်ရွာကျေးရွာ မူလွန်ကျောင်း)တွင် စာရင်းရှိ ကျောင်းသား/ကျောင်း သူ(၆၉)ဦး ရှိသည့်နက် ယနေ့မြန်မာစာဘာသာအား ဖြေဆိုသူဦးရေ (၁)၊ ပျက်ကွက်သူဦးရေ (၆၈) ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်တင်တင်မြင့်နှင့် တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးပြီး စာမေးပွဲကြီးကြပ်ရေး ဆရာ/ဆရာမများ၊ ဌာနဆိုင် ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)