မာန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် စတင်ဖြေဆို

မာန်အောင် မတ်  ၁၁

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲပထမနေ့ မြန်မာစာဘာရပ်ကို ကျောင်းသား၊ကျောင်းသူ(၄၉၃)ဦးမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထိုသို့ စာမေးပွဲစစ်ဆေးခြင်းကို မတ်လ(၁၁)ရက်နေ့မှ (၁၉)ရက်နေ့ထိ တစ်နေ့လျှင်တစ်ဘာသာနှုန်းဖြင့် နံနက် ၉ နာရီမှ ၁၂ နာရီထိ ၃ နာရီမေးခွန်းလွှာကို သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတွင် စစ်ဆေးလျက်ရှိရာ စာမေးပွဲကြီးကြပ်ရေးမှူးနှင့် တာဝန်ကျဆရာ၊ ဆရာမများမှစနစ်တကျ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျောင်းသား၊ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိသည်။

မာန်အောင်မြို့နယ်တွင် စာစစ်ဌာနများဖြစ်သည့် အ-ထ-ကမာန်အောင်နှင့် အ-ထ-က(ခွဲ)စျေးတန်းစာစစ်ဌာန (၂)ခုရှိရာ  စာစစ်ဌာနများတွင် ဖြေဆိုရန်စာရင်းရှိ ကျောင်းသား၊ကျောင်းသူ (၅၂၆)ဦးရှိသည့်အနက် ဖြေဆိုသူ(၄၉၃)ဦး၊ ပျက်ကွက်(၃၃)ဦးရှိရာ ဖြေဆိုမှုရာခိုင်နှုန်း (၉၄) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)