ဂွ ဒီဇင်ဘာ ၃၀
အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဂွမြို့နယ်မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က သင်တန်းဆင်းမိန့်ခွန်းပြောကြားရာ၌ သင်တန်းသားများအနေဖြင့် မီးသတ်ပညာရပ်နှင့် ရှာဖွေကယ်ဆယ်ရေး ပညာရပ်များကို အခြေခံအားဖြင့် တတ်ကျွမ်းခဲ့ပြီးဟု ယုံကြည်ပါကြောင်း၊ ပြည်သူလူထုနှင့်ပူးပေါင်းပြီး မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်များကြိုတင်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပြီး ရပ်ရွာနှင့်ပြည်သူတို့၏ အကျိုးစီးပွားကို အလေးထားဆောင်ရွက်ကြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ သင်တန်းတွင် ဆုရရှိသည့် သင်တန်းသားများကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးခင်မောင်ထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းထွန်းတို့က ဆုများနှင့် သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ရာ သင်တန်းသားများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့ပေါ် (၃)ရပ်ကွက်၊ ရဟိုင်ကူးတို့ကျေးရွာ၊ ရဟိုင်ဖျားကျေးရွာ၊ ဒေါင့်ချောင်းကျေးရွာ၊ တောင်ပေါက်ကျေးရွာနှင့် မကျေးငူကျေးရွာတို့မှ အုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်