ရခိုင်ပြည်နယ်

တပ်တောင်မြို့၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် တပ်တောင်မြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေးဆောင်ရွက်ခြင်းလုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စာရင်းကောက်ယူရေး အဖွဲ့များက မြို့​ပေါ်ရှိ ရပ်ကွက်များ၌‌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ဝိုင်း ကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity  Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် စာတတ်မြောက်ခြင်း စာဖတ်ရှိန်မြင့်မားခြင်းနှင့် နိုင်ငံဖွံဖြိုးတိုးတက်မှု ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့  နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

မအီမြို့တွင် မာရ်ငါးပါးစေတီတော်များနှင့် ရတနာမာရ်အောင်တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ (၉)ရက်တိုင်တိုင် ကျင်းပ

မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒနှင့် (၇)ရက်သားသမီးများ၏ ကောင်းမှု အလှူတို့ဖြင့် တည်ထားကိုးကွယ်သည့် မာရ်ငါးပါးစေတီတော်များနှင့် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာ၌ အသံမစဲ မဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီလ(၈)ရက်၊ ပြာသိုလဆုတ် (၃)ရက်နေ့က ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်မှ စတင်၍ ဆရာတော် သံဃာတော်များက ရွတ်ဖတ်သရဇ္ဈာယ် ပူဇော်ခဲ့ကြရာ ယမန်နေ့ နံနက်(၉)နာရီအချိန်က စံကောပြင်ကွင်းအရပ်ရှိ သက္ကျမာရ်အောင် စေတီတော်မြတ်၌ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။

ဘူးသီးတောင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဦးဆောင်၍ ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်(၉)နာရီ အချိန်က ဘူးသီးတောင်မြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စနစ်တကျထားရှိနိုင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိန္တလီမြို၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး လုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

ရသေ့တောင်မြို့တွင် အသိပညာ ဗဟုသုတ တိုးပွားစေရန် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ ကျောင်းသူများနှင့် ယနေ့နေ့လည်ပိုင်းက စာရေးဆရာဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသော ဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့ အ-ထ-က ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ရခိုင်ပြည်နယ် မာန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မာန်အောင် အ-ထ-က အောင်ဇေယျာခန်းမ၌ ကျင်းပခဲ့သည်။

ရသေ့တောင်မြို့နယ် လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမတွင် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်တွင်ကျောင်းသားလူငယ်လူရွယ်လေးများ အားလပ်ချိန်တွင် စာဖတ်ခြင်းဖြင့်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ယမန်နေ့ နေ့လယ် ၁ နာရီအချိန်က ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကုတ်မြို့နယ်၌ လူဦးရးစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းများ ဆက်လက်ကောက်ယူ

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး လုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်မှ စတင်၍ (Working Group) မြေပြင် ကွင်းဆင်းစာရင်း ကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့၌ စာပေချစ်မြတ်နိုးသူများထံသို့ လက်ဝယ်အရောက်  Mobile စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေးခြင်း ဆောင်ရွက်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများ၊  စာပေချစ်မြတ်နိုးသူပြည်သူများသို့  ဗဟုသုတ ရရှိစေမည့်  စာအုပ်စာစောင်များကို အလွယ်တကူ ဖတ်ရှုနိုင်ရန်အတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများမှ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့မွန်းတည့် ၁၂ နာရီက  သ/မ ဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာများသို့ သွားရောက်ပြီး အခမဲ့ ငှားရမ်းပေးကြသည်။
Subscribe to ရခိုင်ပြည်နယ်