ရခိုင်ပြည်နယ်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်အတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကညင်တန်းရပ်ကွက်ရှိ နေအိမ်များ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယနေ့  နံနက် ၉ နာရီ အချိန်က မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

မြောက်ဦးမြို့၌ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေး စုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီအချိန်က အောင် တပ်ရပ်ကွက် (အ.ထ.က-၂)ကျောင်း‌ ‌ဂေါ်သဇင်အဆောင် စာသင်ဆောင်ရှေ့ ကွင်းပြင်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါက်တောမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကြက်သရေကျေးရွာ ရွာဝင်လမ်း ကွန်ကရစ်လမ်း ဆောင်ရွင်နေမှုအား မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးကြသည်။

ရသေ့တောင်မြို့ရှိ ဌာနဆိုင်ရာ အဆောက်အဦးများ မီးဘေးလုံခြုံရေးအတွက် မီးသတိမူရေး စစ်ဆေးအကြံပေး

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက် ၁၀ နာရီက ရသေ့တောင်မြို့‌ ချောင်းဝရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် မြို့နယ်မန်နေဂျာ ဒေါ်ဦးလှမေနှင့် ပူးပေါင်းပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးလူမော်နှင့် တပ်ဖွဲ့ဝင်များက အကြံပြုစစ်ဆေးခဲ့ပါသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြု အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း(Booster Dose) ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံခြင်းကို ယနေ့ နံနက်ပိုင်းက သတ်မှတ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။

အမ်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပညာရတနာခန်းမ ၌ ကျင်းပပြုလုပ်သည်။

အထက(ကျောက်တော်) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ သဇင်ခန်းမအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရခိုင်ပြည်နယ်မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များက ယမန်နေ့ညနေပိုင်းက  မြို့ပေါ်ရပ်ကွက်များ အတွင်း နှိုးဆော်ခဲ့ကြသည်။

ပေါက်တောမြို့နယ်အတွင်း IDP Camps များနှင့် ဒေသခံကျေးရွာများရှိ  အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စခန်း(၅)ခုဖြစ်သည့် ကြိမ်နီပြင် lDP စခန်း၊ အနောက်ရဲ lDP စခန်း၊ ဆက်တက်မော် IDP စခန်း၊ ငှက်ချောင်း(၁) IDP စခန်း၊ ငှက်ချောင်း(၂) IDP စခန်းများနှင့် ဒေသခံကျေးရွာများရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား/သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Myancopharm ) ကျောင်းအခြေပြု (ဒုတိယ)အကြိမ် ထိုးနှံပေးခြင်းကို  ယမန်နေ့  နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်း(မြို့မ)ဈေးအတွင်း တရားမဝင် အိမ်သုံးဆေးဝါး အတုများနှင့် Very Good အမှတ်တံဆိပ် ကော်ဖီမစ်များ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးအတွင်း  တရားမဝင်အိမ်သုံးဆေးဝါးအတုနှင့် “Coffee Shop” Very Good အမှတ်တံဆိပ်ပါ ကော်ဖီမစ်ကဲ့သို့ အန္တရာယ် ဖြစ်စေတတ်သည့် စားသောက်ကုန် ပစ္စည်းများအား ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့၊ နေ့လယ်ပိုင်းက စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်