ရခိုင်ပြည်နယ်

မအီမြို့ နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပေါက်တောမြို့နယ်၌  လူဦးရေစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှစာရင်းများ ကောက်ယူနေမှုအား ကြီးကြပ်မှုကော်မတီများမှ ကြီးကြပ်ကြည့်ရှု

ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group)မြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့(၈၅)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူလျက်ရှိရာ ယနေ့နံနက်(၉)နာရီ အချိန်တွင် မြို့နယ်(Working Group)မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက နတ်တောင်ပြင်ကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း ရသေ့တောင်မြို့နယ် ပြည်သူများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှု

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဇန်နဝါရီလ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ရသေ့တောင်မြို့၊ မေယုခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ကျောက်တော်မြို့၌ လိုင်စင်မဲ့ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်ပေးခြင်းနှင့် သက်တမ်းတိုး ဆောင်ရွက်ပေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်မြို့နယ်အတွင်းရှိ မှတ်ပုံတင်မဲ့မော်တော်ဆိုင်ကယ်များ အား One Stop Service (OSS) ဖြင့် မှတ်ပုံတင်ပြုလုပ်ပေးခြင်းနှင့် ဆိုင်ကယ်၊ မော်တော်ယာဉ်များသက်တမ်းတိုးဆောင်ရွက်ခြင်းကို  ယနေ့ နံနက် ၉ နာရီအချိန်က မြို့နယ်သာသနာ့ ဗိမာန် တော်၌ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြောက်ဦးမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာတို့ ပူးပေါင်း၍အသိပညာ ပေးဟောပြောခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းရှိ အစည်း အဝေးခန်းမ၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာပေများမှတစ်ဆင့် ဗဟုသုတရှာမှီးရရှိစေရန်၊ မြန်မာစာ၊ မြန်မာစကားအသုံးအနှုန်းများကို မှန်ကန်စွာ ပြောဆိုတတ်စေရန် ရည်ရွယ် ၍ စာရေးဆရာ ကျွန်းစဉ်မြေ စောခက်၏ “သမုဒ္ဒရာထဲက ရေချိုတွင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင် ရွက်ခဲ့သည်။

ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများအား ယနေ့ညနေပိုင်းက တောင်ပေါက်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသည်။

တောင်ကုတ်မြို့နယ်၌ နေကြာမျိုးစေ့ထုတ်စိုက်ခင်း ကွင်းသရုပ်ပြပွဲကျင်းပ

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့နယ်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ “စားသုံးဆီဖူလုံဖို့ နေကြာသီးနှံစိုက်ပျိုးကြစို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းစားသုံးဆီ ဖူလုံရေးနှင့် နေကြာစိုက်တောင်သူများ ဝင်ငွေတိုးစေရန်နှင့်လူမှုစီးပွားဘဝ မြင့်မားလာစေရန်ရည်ရွယ်ချက်များဖြင့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က ကင်းတောင်စံပြကျေးရွာရှိ တောင်သူ ဦးယက်သဲ့အောင်ပါ(၃)ဦး၏ နေကြာမျိုးစေ့ထုတ်စိုက်ခင်း၊ ဆင်းနေကြာ(၁၅)ဧက၌ကျင်းပခဲ့သည်။

တောင်ကုတ်မြို့နယ်၌  လူဦးရေးစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းများ ကောက်ယူနေမှုအား ကြီးကြပ်မှုကော်မတီများမှ ကြီးကြပ်ကြည့်ရှု

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ခရိုင်၊မြို့နယ်(Working Group)မြေကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

သံတွဲမြို့ မူလွန်ဒွါရာဝတီကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲမြို့ မူလွန်ဒွါရာဝတီကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်း သျှင်မြဝါခန်းမ၌ ကျင်းပပြုလုပ်သည်။
Subscribe to ရခိုင်ပြည်နယ်