သံတွဲမြို့ မူလွန်ဒွါရာဝတီကျောင်း၌ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ ဇန်နဝါရီ ၁၄

သံတွဲမြို့ မူလွန်ဒွါရာဝတီကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက အဆိုပါကျောင်း သျှင်မြဝါခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာကျောင်းသား၊ ကျောင်းသူလေးများက “ရခိုင်တို့မြေလာခဲ့လေတေးသီချင်း” နှင့် “မဟာနွယ်” တေးသီချင်းတို့အား သီဆိုကပြ၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးစိန်ဝင်းအောင်နှင့် အမှတ်(၈)ရက်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ရွှေတို့က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ကာယ၊ ဉာဏ ဘက်စုံထူးချွန်ဆုနှင့် ပညာရည်ချွန်ဆုများကို တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးကြပြီး ကျောင်းအုပ်ဆရာမကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးခဲ့ကြကြောင်းသိရှိရသည်။

ခရိုင်ပြန်/ဆက်