တောင်ကုတ်မြို့နယ်၌  လူဦးရေးစာရင်းမှန်ကန်ရေး မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ စာရင်းများ ကောက်ယူနေမှုအား ကြီးကြပ်မှုကော်မတီများမှ ကြီးကြပ်ကြည့်ရှု

တောင်ကုတ်  ဇန်နဝါရီ  ၁၅

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် လူဦးရေစာရင်းမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းများကို ဇန်နဝါရီ(၉)ရက်နေ့မှစ၍(Working Group) မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့(၈၇)ဖွဲ့ဖြင့် တစ်အိမ်တက်ဆင်းဆက်လက် ကောက်ယူလျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ခရိုင်၊မြို့နယ်(Working Group)မြေကွင်းဆင်း စာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင်ခရိုင် (Working Group)မြေကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့်လှိုင်၊ ခရိုင်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင်လဝက ဦးစီးမှူး ဦးရည်သန့်၊မြို့နယ်(Working Group)မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်တိုးနှင့် မြို့နယ်ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လဝက ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင်များက ကင်းတောင်စံပြကျေးရွာအတွင်း စာရင်းများကောက်ယူနေမှုအား လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။   

မြို့နယ်ပြန်/ဆက်