ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းများ ဆောင်ရွက်

ဂွ ဇန်နဝါရီ ၁၃

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေးအတွက် မြေပြင်တစ်အိမ်တစ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူခြင်း လုပ်ငန်းများအား ယနေ့ညနေပိုင်းက တောင်ပေါက်ကျေးရွာအုပ်စုအတွင်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ မြေပြင်တစ်အိမ်တစ်ဆင်းကွင်းဆင်း စာရင်းကောက်ယူနေမှု အခြေအနေများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယကော်မရှင် အဖွဲ့မှ ဦးစီးအရာရှိ ဒေါ်ဖွေးဖွေးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်း​ကျော်