ရခိုင်ပြည်နယ်

ဂွမြို့တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး( Booster dose)ထိုးနှံ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အသက် ၅ နှစ်မှ ၁၂ နှစ်ကြား ကျောင်းသား၊ ကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)(Myancopharm) ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက စုရပ်(၃)ခု တွင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဂွမြို့နယ်တွင် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ဂွမြို့)တွင် ကျင်းပခဲ့ရာ မြို့နယ်ပညာရေးမြှင့်တင်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသားမိဘများ တက်​ရောက်ခဲ့ကြသည်။

ကျောက်ဖြူမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂) ကျောင်းတွင် မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အ.ထ.က(ခွဲ)၊ အ.လ.က(၂)ကျောင်း၊ အစည်းအဝေးခန်းမ၌ ကျောင်းသား၊ ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းအခြေပြုအသက် ၅ နှစ်မှ ၁၂ နှစ် ကျောင်းသားကျောင်းသူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး  ဆက် လက်ထိုးနှံ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ကျောင်းနေအရွယ်ကလေးများကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရန်ရည်ရွယ်၍ ကျောင်းအခြေပြု အခြေ ခံပညာကျောင်းများမှ အသက်၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသားကျောင်းသူများအား ထပ်ဆောင်းကိုဗစ်-၁၉ ကာကွယ် ဆေး(Myancopharm) ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိ သည်။

ရသေ့တောင်မြို့ရှိ နေအိမ်များ မီးဘေးလုံခြုံရေးအတွက်  တစ်အိမ်တက်ဆင်း မီးသတိမူရေး ကွင်းဆင်း စစ်ဆေးအကြံပေး

ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ  မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက်ယနေ့ နံနက် ၁၀ နာရီ အချိန်က ရသေ့တောင်မြို့ ပေါ်ရပ်ကွက်ရှိ တော်ဝင်တည်းခိုခန်း ရွှေနဒီတည်းခိုခန်းနှင့်လင်းဟိန်း တည်းခိုခန်းတို့အား မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေး‌ပေးကြသည်။

ကျောက်တော်မြို့၌ အိမ်ထောင်စု လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၌  မြေပြင်တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်းစာရင်းကောက်ယူရေး အဖွဲ့များက ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် အဆိုပါမြို့နယ် (Working Group) မြေပြင်ကွင်းဆင်းရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက် ၊ မြို့သစ်ရပ်ကွက်သို့ သွားရောက်၍ ယမန်နေ့  နေ့လည် ၂ နာရီအချိန်က ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူမှု ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင်း အိမ်ထောင်စု လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ဇန်နဝါရီလ ၉ ရက်နေ့၊ နံနက်ပိုင်းကစ၍ (Working Group) မြေပြင် ကွင်းဆင်း ကောက်ယူရေးများဖွဲ့စည်းကာ ကွင်းဆင်းကောက်ယူလျက်ရှိသည်။

ပုဏ္ဏားကျွန်းမြို့နယ်၌ သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်အတွက် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့၊ နေ့လယ် ၁ နာရီက ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ပေါက်တောမြို့နယ်တွင် အသက်(၅)နှစ်မှ (၁၂) နှစ်အတွင်းရှိ ကျောင်းသူကျောင်းသားများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး (Booster dose)ထိုးနှံ

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ (၅)လပြည့်ပြီးသော အသက် (၅) နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသူ၊ ကျောင်းသားများအား (Myancopharm) ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး (Booster dose) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ် နေရာများတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် သတိရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်