ရခိုင်ပြည်နယ်

ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်းစစ်​ဆေး ဆောင်ရွက်

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မီးဘေးအန္တရာယ် သတိရှိရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများမှ ယနေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

တောင်ကုတ်မြို့၌ မူးယစ်ဆေးဝါး အန္တရာယ်ကင်းရှင်းရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲ ကျင်းပ

တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့၌ ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ် ကင်းရှင်းစေရေးနှင့် မှုခင်းအသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌  ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကံပြင်သာစည် အခြေခံပညာမူလတန်းကျောင်း(ခွဲ)၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန် အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်သည်။

ကျောက်တော် Community Centre ခန်းမ၌ ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေး အသိပညာပေး  (Talk Show) ပြုလုပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community  Centre ခန်းမ၌   ရာသီအကူးအပြောင်းနှင့် မပေါ့ဆသင့်သော ရာသီတုတ်ကွေးအသိပညာပေး  (Talk Show) ကို  ယမန်နေ့ နံနက် ၁၀  နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း  သိရသည်။

ရမ်းဗြဲမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ Youth Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက်ရည်ရွယ်လျက် ယနေ့မွန်းလွဲ ၂ နာရီအချိန်က Youth Club အဖွဲ့ဝင်များနှင့် လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁)ရက်နေ့ထုတ် ဒို့ကျေးရွာဂျာနယ် အတွဲ-၁၉၊ အမှတ်-၂၃ ပါ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် ဆက်ဆံမှုနှင့်အောင်မြင်ရေးဆောင်းပါး ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြသည်။

ကျောက်တော်မြို့၌ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စသော ဌာနဆိုင်ရာများပူးပေါင်း၍ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန် ရရှိနိုင်ရေး ဆွေးနွေးပွဲ ကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ အိမ်ထောင်စုစာရင်းအမှန်ရရှိနိုင်ရေး    ဆွေးနွေးပွဲကို ထမ္မရာဇ်ရပ် ကွက်ရှိ မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က  ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်နေသူများအား အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့မှ ကွင်းဆင်းစာရင်းကောက်ယူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မင်းပြင်ဝန်ထမ်းအိမ်ရာ၌ နေထိုင်လျက်ရှိသည့် မိသားစုဝင်များအား အိမ်ထောင်စုလူဦးရေစာရင်းမှန်ကန်မှုရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့ (Working Group) မှ ယမန်နေ့မွန်းလွဲပိုင်းက တစ်အိမ်တက်ဆင်းသွားရောက်ကာ ကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဘဝအောင်မြင်ရေး အခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမတွင် စာပေမြတ်နိုးသူ Book Club အသင်းဝင်လူငယ်များနှင့် ဘဝအောင်မြင်ရေးအခြေခံအကြောင်းများခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့သည်။

ရမ်းဗြဲမြို့၌ မူးယစ်ဆေးဝါးနှင့် ယာဉ်အန္တရာယ်လမ်းအန္တရာယ် အသိပညာပေး‌ဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့၌ ပညာရေးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ မူးယစ်ဆေးနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် အသိ ပညာပေးဟော‌ပြောပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ပညာ‌ကျော်ခန်းမ၌ ကျင်းပခဲ့ကြသည်။
Subscribe to ရခိုင်ပြည်နယ်